#LocalNews
Published - 2 May 2022

 

မန္တလေး- ကျောက်ဆည်ကားလမ်းမကြီးတွင် ဆိုင်ကယ်ကို တိမ်းရှောင်ရာမှ ၁၂ ဘီးယာဥ်နှင့် တွဲကားယာဥ်တို့ တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ သိရတယ်။

 

အဆိုပါ ယာဥ်မတော်တဆမှုဖြစ်စဥ်ဟာ မေ ၁ ရက် နေ့က မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့ နယ်၊ မန္တလေး-ကျောက်ဆည်ကားလမ်း၊ မိုင်တိုင်အမှတ်(၃၇၆/၄) နှင့် (၃၇၆/၅)ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 

ဖြစ်စဥ်မှာ ကုန်မျိုးစုံတင်ဆောင်လာသည့် NISSAN အမျိုးအစား (၁၂)ဘီးယာဉ်သည် ၄င်းရှေ့ရှိ မော်တော်ဆိုင်ကယ်အား တိမ်းရှောင်ရာမှ ၎င်းယာဉ်၏ အနောက်ဘယ်ဘက်ခြမ်းအား ကျောက်မှုန့်တင်ဆောင်လာသော ISUZU အမျိုးအစား (၂၄)ဘီးတွဲယာဉ်မှ ဝင်ရောက်တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

ယင်းယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် (၂၄)ဘီးတွဲယာဉ်မှ ယာဉ်မောင်း အမျိုးသား(၁)ဦး ကားခေါင်းခန်းတွင် ညပ်မိနေသဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ဘယ်လင်း)မှ ကယ်ဆယ်ပေးခဲ့ပြီး စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ယာဉ်ပေါ်တွင်ပါရှိသော ကုန်ပစ္စည်းများအား အခြားယာဉ်သို့ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူယာဉ်မောင်း အမျိုးသား(၁)ဦးကိုလည်း သုခဒါနလူမှုကူညီရေးအသင်းကားဖြင့် စဉ့်ကိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

Photo - MFSD

ymg/kg
#Yangon_Media_Group