#Local News
Published-2 May 2022

 

အရင်တစ်ပတ်က စားအုန်းဆီတစ်ပိဿာကိုကျပ် (၅၆၀၀)နဲ့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက မြို့နယ်အသီးသီးမှာ ရောင်းချပေးခဲ့ပြီး အခုအပတ်မှာတော့ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်၊၊

အခုအပတ်မှာတော့ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုတဲ့ နိုင်ငံတွေမှာ စားအုန်းဆီဈေးမြင့်တက်လာပြီး တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ FOB ဈေးနှုန်းတွေကို အခြေခံ၍ တွက်ချက်မှုတွေအရ ၂၀၂၂ခုနှစ် မေလ (၂)ရက်မှ(၈)ရက်အထိ စားအုန်းဆီတစ်ပိဿာကို
ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း (၆၀၂၅)ကျပ်နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်၊၊

 

စားအုန်းဆီနဲ့ပတ်သက်လို့ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းနဲ့ ဈေးကစားရန်သိုလှောင်ထားခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရအရေးယူသွားမှာဖြစ်တယ်လို့ လည်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group