#LocalNews
Published_27 April 2022

 

သင်္ကြန်အပြီးတွင် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်၍အဖမ်းခံရသော မြန်မာနိုင်ငံသားများ ရာနှင့်ချီရှိနေပြီဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၇ ရက် နံနက် တစ်နာရီ မထိုးမီအချိန်က ထိုင်းနိုင်ငံ ထစောင်ယန်ခရိုင်ခွဲ တတ်ခရိုင်တွင်း ကား ၂ စီး၊ ယာဉ်မောင်း ၂ ဦး အပါဝင် တရားမဝင် မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးရမိကြောင်း၊ယင်းတို့မှာ ပွဲစားခ ဘတ် ၂၃,၀၀၀ ပေးဆောင်၍ လာရောက်ခဲ့ကြသူများဖြစ်ကြောင်းနှင့် လက်ရှိတွင် ယင်းတို့ကို မဲ့မွေရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ထားကြောင်းလည်းသိရသည်

 

ဧပြီလ ၁၉ ရက်က ထိုင်းနိုင်ငံ မဲ့တန်းမြို့နယ် ထစောင်ယန်ခရိုင်ခွဲတွင်း မြန်မာနိုင်ငံသား အမျိုးသား စုစုပေါင်း ၅၄ ဦး ၊ ဧပြီလ ၂၁ ရက်က တကိုခီးကျေးရွာ မဲ့ဥဆုမြို့နယ် ထာ့စောင်ယန်ခရိုင်တွင် ၄၆ ဦး၊ ဧပြီလ ၂၂ ရက်က တတ်ခရိုင် ထာ့စောင်ယန်ခရိုင်ခွဲတွင် ၃၄ ဦး၊ ဧပြီလ ၂၄ ရက်နှင့် ဧပြီလ ၂၅ ရက်က ကန်ကျနဘုရီပြည်နယ်အတွင်း နေရာ ၅ နေရာ၌ ၇၅ ဦး အသီးသီး ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group