#LocalNews
Published - 27 April 2022

 

မော်လမြိုင်မြို့တွင် ဆိုင်ကယ်တက္ကစီဌားစီးပြီး ဆိုင်ကယ်သမားကို ရာဘာခြံထဲ၌ ရိုက်သတ်ကာ အဆိုပါ ဆိုင်ကယ်အား လုယူထွက်ပြေးသူနှစ်ဦးကို ဧပြီလ ၂၆ ရက် နေ့က ဖမ်းဆီးရမိပြီဖြစ်တယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

အဆိုပါ ဖြစ်စဥ်ဟာ ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းအချိန်က မော်လမြိုင်မြို၊ မင်းရွာကျေးရွာ၊ အားကစားသိပ္ပံရှေ့ ရာဘာခြံထဲမှာ ဖြစ်ပွားခဲ့တာပါ။

 

"မော်လမြိုင် တောင်ရှမ်းစုက ဆိုင်ကယ် Taxi သမားကို မင်းရွာရာဘာခြံထဲ သတ်သွားတဲ့တရားခံ ၂ ဦး ယ‌နေ့ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။"လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ ဘိုဘိုဝင်း (Rescue) အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။

 

ဖမ်းဆီးရမိသည့် တရားခံများအား လက်ရှိတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းမှုတွေကို
ပြူလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

 

သေဆုံးသွားသည့် ဆိုင်ကယ်တက္ကစီ မောင်းနှင်သူမှာ မော်လမြိုင်မြို့၊ တောင်ရှမ်းစုရပ်နေ ထော့မယ်ပါတက္ကစီဆိုင်ကယ်ယာဥ်မောင်း မောင်ကျော်ထူးဖြစ်ပြီး ၄င်းသေဆုံးချိန်တွင် ကလေးတစ်ယောက်ကျန်ရှိခဲ့တယ်လို့သိရကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

 

Photo - ဘိုဘိုဝင်း (Rescue)

 

ymg/kg
#Yangon_Media_Group