Published 19 April 2022

မြန်မာနိုင်ငံတွင် မီးရထားအပန်းဖြေခရီးစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်‌ ဆောင်ရွက်ကြဖို့ ရထားသယ်ယူ ပို့ဆောင်ရေး နှင့်ပတ်သက်သည့် တာဝန်ရှိသူတွေနှင့် ဆွေးနွေးရာမှာ  နစကဥက္ကဋ္ဌက မှာကြားခဲ့တယ်လို့သိရပါတယ်။

ဧပြီလ(၁၉)ရက်က နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ မန္တလေးတိုင်းဒေသကြီးက နှစ်ပေါင်း ၁၂၀ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ပြင်ဦးလွင်ဘူတာသို့ သွားရောက်ပြီး ပြင်ဦးလွင်-ဇီးပင်ကြီး မီးရထားခရီးစဉ်စီးနင်းလိုက်ပါစဉ် ယခုလို ပြောဆိုခဲ့တာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မီးရထားသယ်ယူပို့ဆောင်ရေးနှင့် ရထားအပန်းဖြေခရီးစဉ်တွေ တိုးတက်ဖို့အတွက် ရထားလမ်းတွဲတွေ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်မယ့်အခြေအနေတွေနှင့် ရထာလမ်းတလျောက် သန့်ရှင်းသာယာလှပပြီ မျက်စိပသာဒဖြစ်အောင် ဆောင်ရွက်သွားဖို့လိုအပ်တာတွေကို နစကဥက္ကဋ္ဌဟာ တာဝန်ရှိသူတွေနှင့်‌ ဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။

အဲဒီအပြင် ပြင်ဦးလွင်ဘူတာရုံဟာ နှစ်ပေါင်း ၁၂၃နှစ်သက်တမ်းရှိတဲ့ ရှေးဟောင်းအဆောက်အဦဖြစ်တဲ့အတွက် ရှေးမူမပျက် ထိန်းသိမ်းထားနိုင်ဖို့လိုကြောင်းကိုပါ သူကပြောကြားခဲ့ပါတယ်

ပြင်ဦးလွင်ဘူတာကြီးဟာ  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)၊ အောင်ဇေယျလမ်းတွင်တည်ရှိပြီး ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၀၆ ပေတွင်ရှိပါတယ်။ မန္တလေး-ပြင်ဦးလွင်နောင်ချို-သီပေါ-လားရှိုး မီးရထားလမ်းပိုင်းပေါ်တွင်တည်ရှိပြီး ဘူတာရုံအဆောက်အဦနှင့် အပြင်အဆင်ပိုင်းအားလုံးကို ရှေးမူလက်ရာ မပျက် ထိန်းသိမ်းထားရှိကာ  ဘူတာရုံဧည့်ခန်းအတွင်း မီးရထားနှင့် ပတ်သက်သည့် ဓာတ်ပုံ သမိုင်းမှတ်တမ်းများကိုလည်း ချိတ်ဆွဲပြသထားရှိကြောင်းသိရှိရပါတယ်။

အဲဒီအပြင် နစကဥက္ကဋ္ဌဟာ ပြင်ဦးလွင်မှာရှိတဲ့ မြန်မာနိုင်ငံကော်ဖီအသင်းနှင့် ပြင်ဦးလွင်ကော်ဖီဥယျဉ်များသို့ ဆက်လက်သွား ရောက်ပြီး မြန်မာ့ကော်ဖီ အရည်အသွေးကောင်း ခေတ်မီစွာထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ကော်ဖီလုပ်ငန်းရှင်တွေနှင့် ဆွေးနွေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။

ကော်ဖီစီးပွားရေးလုပ်ငန်းတွေတိုးတက်စေဖို့အတွက် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)ကို ပြင်ဦးလွင်ကော်ဖီ ဥယျာဉ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံကော်ဖီအသင်းနှင့်ချိတ်ဆက်ကာ ကော်ဖီနည့်းပညာပြန့်ပွားရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သိရှိရပါတယ်။

အဲသလိုနည်းပညာများပြန့်ပွားအောင်ဆောင်ရွက်ရာမှာ မျိုးအမြားအပြားဆောင်ရွက်မယ့်အစား လုပ်ငန်းရှင်တွေနှင့် တောင်သူတွေ အကျိုးဖြစ်ထွန်းစေပြီး အရည်အသွေးတည်ငြိမ်ကာ ဈေးနှုန်းခိုင်မာတင့်သင့်တြ့ မျိုးတွေကို ရွေးချယ်ဆောင်ရွက် ကြဖို့ကိုလည်း နစကဥက္ကဋ္ဌက ဆွေးနွေးပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။