#LocalNews
Published - 6 Apr 2022

 

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ AFF Futsal Championship 2022 ပြိုင်ပွဲမှာ မြန်မာ့လက်ရွှေးစင်ဖူဆယ်အသင်းဟာ အုပ်စုနောက်ဆုံးစဥ်အဖြစ် ဒီကနေ့ မွန်းလွဲ ၁၂နာရီ မိနစ် ၃၀ က စတင်ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက တီမောလက်စတေအသင်းကို ၁၀ ဂိုး ၃ ဂိုးဆိုတဲ့ ရလာဒ်ဖြင့် အနိုင်ယူကာ အုပ်စုတွင် ပထမရရှိပြီး နောက်တဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

 

မြန်မာဖူဆယ်အသင်းအပါအဝင် စုစုပေါင်းအသင်း ၄ သင်းပါဝင်တဲ့ အုပ်စုတွင်ပွဲစဥ်တွေမှာ မြန်မာဖူဆယ်အသင်းအနေနဲ့ အင်အားကြီးဗီယက်နမ်အသင်းကို ၁ ဂိုးစီ သရေရလာဒ်ဖြင့်၎င်း၊သြစတေးလျအသင်းကို ၆ ဂိုး ၁ ဂိုးဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပြီး မြန်မာဖူဆယ်အသင်းကို ပြိုင်ဘက်အသင်းတွေရော ပရိသတ်တွေပါ အာရုံစိုက်လာကြပါတယ်။

 

ယနေ့ယှဥ်ပြိုင်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဥ်မှာလည်း ဟတီမောအသင်းကို ဂိုးပြတ်ထပ်မံအနိုင်ယူလိုက်ပြီး စုစုပေါင်းရမှတ် ၇ မှတ် ဂိုးကွာခြားချက်နဲ့ ဗီယက်နမ်အသင်းရဲ့ အထက်ကနေ အုပ်စုပထမနဲ့ နောက်အဆင့်ကို တက်လှမ်းသွားပြီဖြစ်ပါတယ်။

 

#Yangon_Media_Group