#LocalNews
Published - 6 April 2022

 

ဒီကနေ့ နံနက်ပိုင်းအချိန်က ကျွဲနွားများတင်ဆောင်လာတဲ့ (၆)ဘီးယာဉ်တစ်စီးဟာ ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီး၊ ကော့နွဲတံတားအလွန် ကျောက်ခွဲစက်ရှေ့တွင် မြောင်းထဲသို့ ထိုးကျ တိမ်း မှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၆ ဘီးယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါလာသူ ၂ ဦးစလုံးမှာလည်း သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအသင်းက ဆိုပါတယ်။

 

ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ဒေသခံမီးသတ်တပ်ဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ ပုလဲဖြူအဖွဲ့မှထွက်ခွာပြီး ကားအတွင်း ပိတ်မိနေသူများကို ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတာပါ။

ကယ်ဆယ်ရေးအဖွဲ့တွေက ကားအတွင်း သေဆုံးညှပ်ပိနေသူတစ်ဦးကို ဦးစွာထုတ်ယူနိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် ညှပ်ပိနေသူတစ်ဦးကိုလည်း မြို့နယ်မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် ကိုကျော်နောင် ကရိန်းကားအကူအညီနဲ့ ဆက်လက်ကယ်ထုတ်ခဲ့ရာမှာလည်း ၄င်းကို သေဆုံးလျှက်သာ ကယ်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

Photo - ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့။

ymg/kg
#Yangon_Media_Group