#LocalNews
Published 6Apr 2022

 

ဧပြီလ ၆ ရက်နေ့ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးတောင်ဥက္ကလာပမြို့နယ် အမှတ် ၇ ရပ်ကွက် သံသုမာလမ်းမပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲကိုအမည်မသိသူများက သေနတ်ပြကာ ဓားပြတိုက်မှုကျူးလွန်သွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။

 

တောင်ဥက္ကလာပမြို့နယ် KBZ ဘဏ်ခွဲကို ယနေ့ နေ့လယ် တစ်နာရီခွဲခန့်က ယာဥ်တစ်စီးဖြင့် အမည်မသိအမျိုးသားခြောက်ဦးက ရောက်ရှိလာပြီး ဘဏ်လုံခြုံရေးဝန်ထမ်းနှစ်ဦးကို ကျင်စက်နဲ့တို့ကာ သေနတ်ပြ၍ကောင်တာပေါ်တွင် တင်ထားသော ငွေသိန်းနှစ်ထောင်ကျော်ကို ယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

 

"ဖြစ်စဥ်မှန်ပါတယ် လတ်တလောမှာတော့ ကျူးလွန်သူတွေဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေလုပ်နေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

 

အခင်းဖြစ်နေရာကို လုံခြုံရေးတပ်ဖွဲ့တွေရောက်ရှိနေကာ ၀၀်ဆေးမှုတွေပြုလုပ်နေပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group