#LocalNews
Published 6 Apr 2022

 

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့တွင် အသွင်ပြောင်းကိုဗစ်ရောဂါပိုးကူးစက်ခံရမှု ပြင်းထန်လာသည့်အတွက် ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်းများကို ယနေ့မှစတင်ခေါ်ယူ
နေပြီဖြစ်ပါတယ်။

 

လက်ရှိပန်ခမ်းမြို့ covid-19 ရောဂါကူးစက်မှု အခြေအနေများ ပြင်းထန်လျက်ရှိနေကာ အသွင်ပြောင်း covid-19 ရောဂါသည် အလွန်ပြင်းထန်ပြီး ပန်ခမ်းမြို့၏ လုပ်ငန်းအသီးသီး၊ နေရာတိုင်း၊ ကျေးရွာများပါ ကူးစက်ခံနေရပြီး ကူးစက်ခံရသည့် အတည်ပြုလူနာမှာ နေ့စဥ်တိုးမြှင့်နေပြီး၊ မတ်လ၊ ၂၆ ရက်နေ့မှ ယနေ့အထိ ပန်ခမ်းမြို့အတွင်း covid-19ရောဂါ ကူးစက်ခံရသူ ၁,၅၀၀ကျော် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိ ပန်ခမ်းမြို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းမှာ လုံလောက်မှုမရှိသည့်အတွက် လူနာများကိုကုသရန် အခက်အခဲကြုံတွေ့နေရကာ ကြာရှည်ကာကွယ်ကုသရေးလုပ်ငန်းဆောင်ရွက်မှုကြောင့် ဆေးဝန်ထမ်းများလည်း အလွန်ပင်ပန်းနွမ်းနယ်နေကြတယ်လို့ သိရပါတယ်။

ထိုကြောင့် ပန်ခမ်းမြို့ရှိ မိဘပြည်များ၏ ကျန်းမာလုံခြုံရေးနှင့် အသက်ကိုကာကွယ်ဖို့အတွက်"ဝ"ပြည်နယ် ကျန်းမာရေးဌာနမှ ပန်ခမ်းမြို့ရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းတွင် ပါဝင်ကူညီလိုသည့် စေတနာ့ဝန်ထမ်းများကို ခေါ်ယူလိုက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

ပါဝင်ကူညီလိုသည့် စေတနာ့ဝန်ထမ်းများအနေနဲ့
ဆိုင်ကျားဟွာ - 13987948534
ခမ်းလုံ - 18608790818 စတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ymg/hm
#Yangon_Media_Group