Published 6 April 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအသစ် မစ္စတာ ဗီနေးကူးမား H.E. Mr. Vinay Kumar ဟာ ဒီကနေ့ ဧပြီလ(၆)ရက် မနက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၊သံတမန်ဆောင်မှာ ယင်းရဲ့သံအမတ်ခန့်အပ်လွှာကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နစက ဥက္ကဋ္ဌနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့တက်ရောက်ကြပြီး အိန္ဒိယသံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်အတူ ဒုတိယ သံရုံးအကြီးအကဲ သံမှူးကြီး Ms. Nabanita Chakrabarti နှင့် စစ်သံမှူး Colonel Ketan Arun Mohite တို့ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုတွင် ကောင်းမွန်သည့် သမိုင်းကြောင်းရှိခဲ့ သည့်အခြေအနေများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကဏ္ဍပေါင်းစုံတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။

သံအမတ်ကြီး မစ္စတာဗီးကူးမားကို ၁၉၆၉ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်တွင် မွေးဖွားခဲ့ပြီး၊ အိန္ဒိယ နည်းပညာ တက္ကသိုလ်မှ နည်းပညာ(ဂုဏ်ထူး) ဘွဲ့ကိုရရှိခဲ့ပါတယ်။  ၁၉၉၂ ခုနှစ်တွင် အိန္ဒိယ ပြည်ပရေးရာ - ဝန်ကြီးဌာနသို့ စတင်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဥဇဘတ် ကစ္စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ပိုလန်နိုင်ငံ၊ အီရန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ နီပေါနိုင်ငံနှင့် အာဖဂန် နစ္စတန်နိုင်ငံတို့ရှိ အိန္ဒိယသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံးများတွင် အသီးသီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အိန္ဒိယပြည်ပ ရေးရာဝန်ကြီးဌာနတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အရှေ့နှင့်တောင်အာရှဌာနတွင် တွဲဖက်အတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တောင်နှင့် နာလန္ဒာရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဆိုင်ရာဌာနခွဲတွင် တွဲဖက် အတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်မှ သံအမတ်အဖြစ်မခန့်အပ်ခင်အထိ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနတွင် လက်ထောက်အတွင်းဝန်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး သူဟာ အိမ်ထောင်ရှင် တစ်ဦး ဖြစ်တယ်လို့ သိရှိရပါတယ်။