#LocalNews
Published - 3 Apr 2022


ကိုယ့်ထမင်းကိုယ်ရှာစားသောပြည်သူဖြစ်ပြီး ဘယ်အဖွဲ့အစည်းကမှမဟုတ်ဘူးလို့ LP gas တင်ဆောင်ဖြန့်ဖြူးပေးနေသောသြရကုမ္ပဏီကထုတ်ပြန်လိုက်ပါတယ်။

"ထီးခီး မေတ္တာ ထားဝယ် လမ်းကြောင်းက စယ်ဒေါ့်ထူးကုမ္ပဏီ မှတင်သွင်းပြီး တနင်္သာရီတိုင်းနှင့်မွန်ပြည်နယ်များအတွင်း အများပြည်သူအသုံးပြုရန်အတွက် ထမင်းချက်သည့်ဂက်စ်များတင်ဆောင်လာသည့် AwRa ကုမ္ပဏီပိုင် ဂက်စ်သယ်ယာဉ် ၂စီး ထားဝယ်မြို့အနီး ၂၀၂၂ ခုနှစ် ၄လပိုင်း ၁ရက် နေ့လည်မှာ အကြမ်းဖက်ဖျက်ဆီးခံခဲ့ရပါတယ်(ဒီနှစ်အတွင်းမှာ AwRa Gas Bowser ယာဉ် ၄ စီးအကြမ်းဖက်ဖျက်ဆီးခံခဲ့ရပြီးဖြစ်ပါတယ် ။ ထီးခီးမှမေတ္တာလမ်းကြောင်း တလျှောက် မိုင်၆၀လောက် တပ်မဟာ၄ နယ်မြေလမ်းကြောင်း အတွင်း အဆင့်ဆင့်စစ်ဆေးခံပြီးမှ ဖြတ်သန်းခွင့်ပြုခဲ့တာဖြစ်ပြီးအများပြည်သူတွေအတွက်အမှန်တကယ်လိုအပ်နေတဲ့ကုန်ပစ္စည်းလည်းဖြစ်ပါတယ် ဘယ်အဖွဲ့အစည်း ဘယ်သူက လုပ်သည်ဖြစ်စေ ဒီလုပ်ရပ်ဟာ အများပြည်သူရဲ့အကျိုးဖျက်စီးတာဖြစ်လို့ မလုပ်ဆောင်သင့်ပါဘူးလို့ ဘဲ ပြောပြချင်ပါတယ်ကိုယ့်ထမင်း ကိုယ်ရှာစားကြရတဲ့ ပြည်သူတွေပါ ဘယ်အဖွဲ့ အစည်း ဘယ်သူ့ဘက်ကမှလည်း မဟုတ်ရပါ ခင်ဗျာ"ဟုထုတ်ပြန်ထားပါတယ်။

မကြာသေးမီရက်ပိုင်းကလည်းအဆိုပါ ကုမ္ပဏီပိုင်ယာဉ်နှစ်စီးသည် ထီးခီးဘက်မှ ထားဝယ်မြို့ကို မောင်းနှင်လာရာတွင် ထားဝယ်မြို့၊ ပကာရီကျေးရွာ အုပ်စု ရမ္မဇူရွာအကျော် အရောက်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုမှ တားဆီးကာ မီးရှို့ဖျက်ဆီးခံခဲ့ ရပါတယ်။

LP Gas ရေနံဓာတ်ငွေ့ရည် ယာဉ်နှစ်စီးအား လက်နက်ကိုင်များမှမီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ယာဉ်၏ အရှေ့ပိုင်း များမှာ မီးလောင်ကျွမ်းခဲ့သော်လည်း ယာဉ်ပေါ်လိုက်ပါလာသူများမှာတော့ ထွက်ပြေးသွား ခဲ့တယ်လို့သိရပါတယ်။
#ymgHM
#Yangon_Media_Group