#LocalNews 
Published_ 3 April 2022

ဘုရားပွဲတော်ချိန်ကာလဖြစ်လို့ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှာ ဆင်စာဘူဖေး လာရောက်ကျွေးမွေးသူ များပြားလာကြောင်း သိရပါတယ်။

မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်ဘုရားအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင် ကာကွယ်တောအတွင်းရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီးနောက် ဆင်စာဘူဖေးလှူဒါန်းကျွေးမွေးမှု (၂၁) ကြိမ်အထိရှိလာပြီ ဖြစ်ကာ ဖေဖော်ဝါရီလ ၅ ရက်က မန်းရွှေစက်တော် ဘုရားပွဲတော်နှင့်အတူ ပြန်လည်ဖွင့်လှစ် ခဲ့တာပါ။

ဆင်စာကို Online ကနေဆက်သွယ်ပြီး လှူဒါန်းကျွေးမွေးကြသလို ကိုယ်တိုင် လာရောက်ကျွေးမွေး တာတွေလည်းရှိပြီး၊ ဆင်စာကျွေးမွေးမှုက ဖေဖော်ဝါရီ လမှာ ၉ ကြိမ်၊ မတ်လမှာက ၁၂ ကြိမ်၊ စုစုပေါင်း ၂၁ ကြိမ်အထိ ရှိပြီ ဖြစ်ပါတယ်။

Elephant 2

အဆိုပါ ဆင်စခန်းတွင် ဆင်ထီး(၄)ကောင်၊ ဆင်မ (၇)ကောင်၊ စုစုပေါင်းဆင် (၁၁)ကောင်ရှိပြီး ဆင်စာဘူးဖေး ကျွေးမွေးလိုသူများအနေဖြင့် ငွေကျပ် ၃၀၀၀၀ မှစပြီး ၅၀၀၀၀ ကျပ်နှင့် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ထားပါတယ်။

မိမိတိုတတ်နိုင်သောနှုန်းထားဖြင့် အွန်လိုင်းမှတဆင့် ဆက်သွယ် လှူဒါန်းကျွေးမွေး နိုင်သလို ကိုယ်တိုင်လာရောက်ပြီးကျွေးမွေးနိုင်ကြောင်း၊ အဝေးမှလာရောက် ကျွေးမွေး လိုသူများအနေဖြင့် ကြိုတင်ဆက်သွယ်ထားပါက အသင့်ကျွေးနိုင်အောင် ပြင်ဆင်ပေး ထားတယ်လို့ ဆိုပါတယ်။

ဆင်စာအဖြစ် ကြံ၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီးနှင့် နေဗီယာ မြက်များကို ဝယ်ယူကျွေးမွေးရကြောင်း သိရပါတယ်။
PhotoCredit:MOI
ymg-mnn
#Yangon_Media_Group