#LocalNews
Published - 19 March 2022

 

     Food Panda Rider ပုံမှန်အော်ဒါကြေးမှာ ၅၅၀-၇၅၀ ကျပ်အတွင်းရရှိနေရာကနေ မတ်လ ၁၆ ရက်နေ့က ၂၀၀ ကျပ်သာ ရရှိခဲ့တဲ့အတွက် Food Panda Rider တွေက အလုပ်မဆင်းဘဲ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

 

     ဒါနဲ့ပတ်သက်ပြီး Food Panda က မတ်လ ၁၆ ရက်နေ့မှာ မိနစ် ၃၀ အချိန်အတွင်း System ချို့ယွင်းပြီး ကျပ်ငွေ ၂၀၀ ကျပ် မှားယွင်း တွက်ချက်ခဲ့တာဖြစ်ပြီး အခုလိုမှားယွင်းတွက်ချက်မိတဲ့ အော်ဒါကြေးများကိုလည်း လျော့နည်းသွားတဲ့ပမာဏကို အမှန်တိုင်းပြန်လည်တွက်ချက်ပေးပြီး ပုံမှန်လစာဝင်မယ့်အချိန်မှာ တစ်ခါတည်းထည့်သွင်းပေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

     ဒါ့အပြင် မြို့အားလုံးရှိ Panda Rider တွေအတွက် အော်ဒါကြေးကို ချက်ခြင်းတိုးမြှင့်ပေးသွားဖို့စီစဉ်နေပြီး ဆိုင်ကယ်နဲ့ပို့ဆောင်ရတဲ့ မြို့တွေအတွက် ဆီဈေးမြှင့်တက်နေတဲ့ကာလအတွင်း ဓာတ်ဆီအပိုသုံးစွဲခအဖြစ် အကွာအဝေးအလိုက် အော်ဒါကြေးတိုးပေးသွားမယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။

 

     Panda Rider များ အော်ဒါပို့ဆောင်ရာမှာအဆင်ပြေစေဖို့ ဒီအစီစဉ်များအပြင် အခြားအစီစဉ်တွေကိုပါ သက်ဆိုင်ရာမြို့တွေရဲ့ မန်နေဂျာတွေကနေ တစ်ဆင့် ဒီကနေ့ လူကိုယ်တိုင် အသေးစိတ်ဆက်သွယ် ပြောဆိုသွားမယ်လို့ ကြေညာထားပါတယ်။

 

#ymg/ei
#Yangon_Media_Group