#LocalNews
Published - 19 March 2022

 

     ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်ရုံး (Temporary Data Collection Center – TDCC)အား ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက် နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ အလုပ်သမားသံအရာရှိရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

 

     ဒါ့အပြင် Passport for Job (PJ)လျှောက်ထားလိုသည့် မြန်မာအလုပ်သမားများသည် အောက်ဖော်ပြပါ Google Form Link တွင် ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်ပြီး TDCC ၏ရုံးလိပ်စာမှာ G7X3+5X3, Tha Chin, Mueang Samut Sakhon District, Samut Sakhon 74000 ဖြစ်တယ်လို့ အဆိုပါသံအရာရှိရုံးက အသိပေးကြေညာထားပါတယ်။

 

     ထို့အပြင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလတ် စုဆောင်းရေးဌာန ( Temporary Data Collection Centre) တွင် DEO နံပါတ် 21_11510 ထိ အောက်ဖော်ပြပါ Link ရှိ DEO နံပါတ်များ စိစစ်အောင်မြင်ပြီးသော Passport စာအုပ်ထုတ်ယူလိုသူများအနေနဲ့ မိမိတို့၏ DEO နံပါတ်များပါရှိလာခြင်း ရှိ မရှိ Call Centre ဖုန်းနံပါတ် ၀၈၂၇၀၉၃၇၄၅ နှင့် ၀၈၂၇၀၉၂၀၇၅ တို့အား ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

     ထို့အတူ လူကိုယ်တိုင်လာရောက်မေးမြန်းလိုပါက မိမိတို့ DEO စလစ်ပေါ်တွင် Passport စာအုပ်ထုတ်ယူခွင့်ပြုသည့် Pass တံဆိပ်တုံး ရိုက်နှိပ်လက်မှတ်ရေးထိုးပြီးမှသာလျှင် 7Eleven တွင် စာအုပ်ဖိုးငွေပေးသွင်းရန်လိုအပ်ကြောင်း၊ Pass တံဆိပ်တုံးမပါရှိဘဲ 7Eleven တွင် ငွေပေးသွင်းခြင်း လုံးဝ(လုံးဝ)မပြုရန် ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးက အသိပေးကြေညာထားပါတယ်။

 

ဓါတ်ပုံ - အလုပ်သမားသံအရာရှိရုံး

ymg/kg
#Yangon_Media_Group