#LocalNews

Published - 18 March 2022

 

     ကိုဗစ်-၁၉ ရောဂါကြောင့် သင်္ကြန်ပွဲတော်ကို မကျင်းပခဲ့တဲ့ နှစ်နှစ်အကြာမှာ အခုနှစ်မှာတော့ ရန်ကုန်မြို့တော်သင်္ကြန်ရေသဘင်မဏ္ဍပ်ပြုလုပ်ပြီး ယိမ်းအကအဖွဲ့တွေပါ ပြိုင်ပွဲပြုလုပ်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်နေပါတယ်။

 

     "လက်ရှိ ကျွန်တော်တို့အနေနဲ့ သင်္ကြန်နဲ့ပတ်သက်ပြီး ယိမ်းပြိုင်ပွဲတွေကိုလုပ်ဖို့ တိကျတဲ့ သတင်းထုတ်ပြီးပြီ။အခြား ရေပိုက်ဆက်သွယ်တဲ့လုပ်ငန်းကိစ္စတွေ၊မဏ္ဍပ်တည်ဆောက်ရေးကိစ္စတွေ၊ဘယ်မြို့နယ်တွေမှာ ဘယ်လိုတည်ဆောက်ရမယ်ဆိုတာတွေကို ဒီရက်ပိုင်းမှာ ဆွေးနွေးမှာဖြစ်ပါတယ်"လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံဌာနတာဝန်ရှိသူတစ်ဦးက YMG ကို ပြောပါတယ်။

 

     ယခင်နှစ်များနည်းတူ ယိမ်းပြိုင်ပွဲတွေကို ၁၂ ဦးယိမ်း မူကြိုကျောင်းများ၊ ကျောင်းများ၊ ရုံး၊ အခြားဌာနများ၊ ၁၆ ဦး ယိမ်း ကျောင်းများ၊ ရုံး၊ အခြားဌာနများ၊ ၂၀ဦး ယိမ်း (အလွတ်တန်း)၊ ၁၂ ဦး ယိမ်း(ကျား) အလွတ်တန်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကတွေ အပါအဝင် ကျင်းပသွားမယ်လို့ ဒီကနေ့ထုတ်ပြန်ထားပါတယ်။

 

     ပြိုင်ပွဲဝင်မယ့်အသင်းတွေအနေနဲ့ မတ်လ ၃၁ ရက်အထိ ရုံးချိန်အတွင်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု) မှာ လာရောက်စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

 

     လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်သလို အကဲဖြတ်လုပ်ငန်းဆပ်ကော်မတီ (အတွင်းရေးမှူး) ၀၉-၅၁၀၃၂၈၇၊ အကဲဖြတ်လုပ်ငန်းဆပ်ကော်မတီ (တွဲဖက်အတွင်းရေးမှူး) ၀၉-၅၀၂၇၉၉၀၊ အကဲဖြတ်လုပ်ငန်းဆပ်ကော်မတီရုံးအဖွဲ ၁၀-၂၀၁၄၅၉ လိုင်းခွဲ ၂၈၂၊ ၂၈၆ သို့ ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

 

ymg/ei
#Yangon_Media_Group