#Local_News
Published_ 19 March 2022

 

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသော ဈေးနှုန်းဖြင့်ဝယ်ယူ ရရှိနိုင်ရန်ရည်ရွယ်၍ မတ်လ ၁၉ ရက်မှစတင်ကာ ကုမ္ပဏီ ၁၂ ခုက တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၁၁၃ ဆိုင်တွင် အထူးဈေးနှုန်းဖြင့် ဒီဇယ်ဆီများ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

     ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၉ သန်းဖြင့် စက်သုံးဆီမှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုက ဒီဇယ်ဆီ ဂါလံ ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိနေပါတယ်။

 

     ပြည်သူများအနေဖြင့် အထူးဈေးနှုန်းဖြင့်ရောင်းချပေးမည့် စက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်ဆီများကို ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး၊ နေ့စဉ်ဒီဇယ်ဆီဈေးနှုန်းများအား မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ www.mpta.org.mm တွင်နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါတယ်။

 

     ပြည်သူများအနေဖြင့် ဒီဇယ်ဆီများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း ဖုန်း ၀၉၄၂၁၀၀၆၇၉၄ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သတင်းရရှိပါတယ်။

 

     ဒီကနေ့ မတ်လ ၁၈ ရက် ရန်ကုန်ဈေးကွက်၌ စက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၁,၉၁၅ ကျပ်၊ ၉၅ တစ်လီတာလျှင်၁,၉၉၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂,၂၁၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁,၉၇၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁,၉၈၅ ကျပ်ရှိနေကြောင်း သိရပါတယ်။

 

#ymg_mnn
#Yangon_Media_Group.