#LocalNews
Published_19 March 2022

 

     ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၀ ခန့် ရနောင်းခရိုင်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်ရောက်ကြပြီဖြစ်ကြောင်း သိရသည်။

     ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၁၄ ခုတွင် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများထဲတွင် အ‌ကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရကာ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် လူဝင်မူ့ကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်များကျခံပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၁၄ ဦး၊ အမျိုးသမီး ၂၃ ဦး နှင့် ကလေး မ ၁ - ဦး၊ စုစုပေါင်း ၁၃၈ ဦး၊၎င်းတို့နှင့်အတူ ကျန်းမာရေးချို့တဲ့သော လူနာအမျိုးသားနှစ်ဦးတို့ ပြည်တော်ပြန်ခဲ့ကြကြောင်း သိရသည်။

     ယင်းတို့အား မတ်လ ၁၇ ရက်က ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံရှိ အာဏာပိုင်များက ပြန်လည်လွှဲပြောင်းပို့ဆောင်လာသောကြောင့် တနင်္သာရီတိုင်း ကော့သောင်းမြို့ရှိ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) - ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC) မှ ၎င်းတို့ကို မုန့်၊ အချိုရည်ဘူး၊ သောက်ရေသန့်ဘူး၊ နှာခေါင်းပိတ်၊ လက်သန့်ဆေးရည် ၊ ခြေညှပ်ဖိနပ်များ၊ ကိုဗစ် ၁၉ အသိပညာပေး လက်ကမ်းစာစောင်များ၊ လူကုန်ကူးမှုနှင့် ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များနှင့် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းနေထိုင်မှု အသိပညာ‌ပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group