#LocalNews
Published-17 Mar 2022

 

ဖားကန့်မြို့နယ်တွင် ယာဥ်တစ်စီးအားစစ်ဆေးရန်ရပ်တန့်စေရာ ယာဥ်ပေါ်ပါလာသူတစ်ဦးထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကာ ယာဥ်ပေါ်တွင်ငွေကျပ်သိန်း ၇,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၅ ရက်နေ့ ည ၉ နာရီခွဲအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် သတင်းအရ ခါးလီ(၃၅)နှစ်မောင်းနှင်ပြီး မနန်လွမ်း(ခ)ဇောင်းညွယ်(ခ)အနန်(၂၈)နှစ်နှင့် ဆိုင်းလီ(၂၃)နှစ်တို့ လိုက်ပါလာသည့် Toyota Wish မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်း ခါးလီ မှာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

 

၎င်းအား ပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ယာဉ်အား အသေးစိတ်ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group