#LocalNews
Published - 15 March 2022


ကချင်ပြည်နယ်၊ ပူတာအိုဒေသရှိ ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်း လျှောရောဂါများဖြစ်ပွား နေပြီး ဆေးဝါးလိုအပ်မှုများလည်းရှိ နေတယ်လို့ မြို့နေ ဒေသခံများထံမှ သိရပါတယ်။

"ဝမ်းရောဂါဖြစ် နေတာကအတော်များတဲ့ အနေအထားမှာရှိပါတယ်။ ကျနော်တို့ဆီမှာလာပြတဲ့ လူနာ အကုန်လုံး နီးပါးက ဝမ်းနဲ့ ပတ်သက်တာတွေ ဖြစ် နေကြတာပါ။ ဝမ်းလျှောတာတို့ ဝမ်းပျက်တာတွေဖြစ်တယ်၊ရာသီဥတုကြောင့်လည်း ပါပါတယ်။"လို့ ပူတာအို မြို့ ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ပူတာအိုဒေသမှာ ဆေးဝါးလိုအပ်ချက် တွေရှိနေမှုနဲ့ ပတ်သက်လို့လည်း ၄င်းက အခုလို ဆက်လက် ပြောပြခဲ့ပါတယ်။

"လိုအပ်တဲ့ ဆေးဝါး တွေကျတော့ ကလေးအာဟာရတို့ နောက်အခုတလော ဝမ်းရောဂါ၊ နှာစေး၊ ချောင်းဆိုးနဲ့ လည်ချောင်းနာတာ အဲ့အတွက် ဆေးဝါး တွေ အဓိကလိုအပ်ပါတယ်။ နွေရာသီဆိုတော့ ကလေးတွေဝမ်းပျက်၊ ဝမ်း လျှော ဖြစ်နေတာတွေကိုတွေ့ရတယ်။
ကျ နော်တို့လည်း တတ်နိုင်သလောက် စု ဆောင်းပေးတယ်။ ဆေးဝါးတွေကို တော့ လက်လှမ်းမီသလောက် ပေးနေပါတယ်။" လို့ ၄င်းက ပြောပြခဲ့ပါတယ်။

လက်ရှိ ဝေးလံ ခေါင်ဖျား ဒေသများမှာ ကိုဗစ် အခြေအနေက ကျလာပြီဖြစ်သော်လည်း ဒေသခံအများစု ဝမ်းပျက်၊ဝမ်းလျှောနဲ့ နှာစေး ချောင်းဆိုး ဆေးဝါးတွေကို အဓိကလိုအပ်မှု တွေရှိနေတာလည်း ဖြစ်ပါတယ်။

ymg/kg
#Yangon_media_Group