#LocalNews
Published_15 March 2022
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေး- တောင်တွင်းလမ်း၊ သန်းတောကုန်းကျေးရွာအနီးတွင် တွင် မတ်လ ၁၄ ရက် ညနေပိုင်းက ဆီဘောက်ဆာယာဉ်နှင့် ဆိုင်ကယ် တိုက်မိသောကြောင့် ၃ ဦး သေဆုံး သွားကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦးနှင့် ဘောက်ဆာ ယာဉ်မောင်းတစ်ဦး သေဆုံးသွားကြခြင်း ဖြစ်ကြောင်း၊ယင်း သေဆုံးသူများအား မကွေးပြည်သူ့ဆေးရုံကြီသို့ ပို့ဆောင် ပေးခဲ့ကြောင်း ကူညီပေးခဲ့ရသည့် လူမှုကူညီရေးအသင်းပြောရေးဆိုခွင့် ရှိသူကပြောသည်။

အဆိုပါ နေရာသို့ မကွေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတို့ဖြင့် သွားရောက်၍ တိမ်းမှောက်နေသော ဆီဘောက်ဆာယာဉ်အား မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။

 

ymg/mt
Yangon_Media_Group