ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွှတ်မြောက်လာတဲ့ ပင်းတယမီးအိမ်ရှင်လို လူသိများတဲ့ဒေါက်တာသန်းမင်းထွဋ်ဟာ ယခုလ ၂ရက်နေ့က ၎င်းကိုဖွင့်လှစ်ထားတဲ့အမှုကို နစက ကပိတ်သိမ်းပေးခဲ့တာကြောင့် ယခုရက်ပိုင်းမှာ တာဝန်ကျရာနေရာကို သွားရောက်နေပြီး ကျရာနေရာကနေပြည်သူအကျိုးပြုသွားမယ်လိုပြောဆိုခဲ့ကြောင်း လွတ်မြောက်လာပြီးနောက် ပထမဆုံးတွေ့ဆုံစကားပြောဆိုခွင့်ရခဲ့တဲ့ လမင်းတစ်ရာဆရာတော် ဦးစန္ဒာသီရိက Yangon Timesကို မိန့်ကြားပါတယ်။