#LocalNews
Published - 5 Mar 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်တွင် မီးလောင်မှုဖြစ်စဥ်တစ်ခု ဒီကနေ့(မတ် ၅ ရက်)၊ နေ့လည် ၃ နာရီအချိန်က ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုဖြစ်စဥ်ကြောင့် လူနေအိမ်ခြေ ၄၀ ကျော်ခန့်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 

"ဒဂုံဆိပ်ကမ်း ၆၀ ရပ်ကွက်မီးလောင်မှုက ကျူးကျော်တဲနေအိမ်ကစတာပါ။ ကလေးငယ်တစ်ဦးက ထမင်းအိုးတည်ရာကနေ မီး လောင်မှုစတင်ဖြစ်ပွားခဲ့တာလို့ သိရတယ်။ လောလောဆယ်တော့ အိမ်ခြေ ၄၀ လောက် မီးသင့်သွားတယ်လို့ သိရပါတယ်။ လက်ရှိမှာ တော့ မီးငြိမ်းပါပြီ။ မီးအကြွင်းအကျန်လေးတွေကိုပဲ ဆက်လက်ငြိမ်းသတ်နေပါတယ်။"လို့ အဆိုပါမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက် မီးလောင်မှုကို Level -1ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ရပြီး နေ့လည် ၃ နာရီ မိနစ် ၂၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ ၃ နာရီ ၂၈ မိနစ်အချိန်မှာ မီးငြိမ်းနိုင်ခဲ့ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group