#LocalNews
Published -5 Mar 2022

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကသိရပါတယ်။

 

မတ်လ ၄ ရက်နေ့ ညနေ ၅ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရသက်သေများနှင့်အတူ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး သွားကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၁၉၀/၅)နှင့်(၁၉၀/၆)ကြားတွင် ရပ်တန့်ထားသည့် NISSAN DIESEL TRUCK အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာယာဉ်ပေါ်တွင် အောင်မြင့်မြတ်နှင့်အတူ ဆာလာအိတ်များအတွင်းမှ အမိုနီယမ် နိုက်ထရိတ် အလေးချိန် ၁၂,၈၇၅ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

ဖမ်းဆီးရမိမှုမှ အောင်မြင့်မြတ်(၃၇)နှစ်အား သာဂရနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group