#LocalNews
Published - 5 Mar 2022

 

ဒီကနေ့(မတ်လ ၅ ရက်)၊ မွန်းလွဲပိုင်းအချိန်က အာရှလမ်းမကြီးတွင် ခရီးသည်တင် Express ယာဥ်တစ်စီးနှင့် ကုန်တင်တွဲကားတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါယာဥ်တိုက်မှုဟာ အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ် အာရှလမ်းကွင်းကလေးတံတားအပေါ်ကွေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 

ယာဥ်တိုက်မှုဖြစ်ပွားရာသို့ သဃ်န်းညီနောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၁)ဦးကိုလည်း သဃ်န်းညီနောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဥ်ဖြင့် မြဝတီဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

ဓါတ်ပုံ - သဃ်န်းညီနောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့။

 

ymg/kg
#Yangon_Media_Group