#LocalNews
Published - 5 Mar 2022

 

မောင်တောတွင် နယ်စပ်ခြံစည်းရိုးမှတဆင့် တရားမဝင်ခိုးဝင်လာသူများဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့နယ်ရဲတပ်ဖွဲ့ကသိရပါတယ်။

 

ဖြစ်စဥ်မှာမတ်လ ၄ ရက်နေ့ နေလည်ပိုင်းက မောင်တောမြို့နယ်၊ လှဖိုးခေါင်ကင်းစခန်းစစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့ဝင်များမှ စစ်ဆေးမှုများဆောင်ရွက်နေစဉ် လမ်းလျှောက်လာသော ဘင်္ဂါလီကျား ၁ ဦး၊ မ ၁ ဦး၊ ကလေး(ကျား) ၂ ဦးတို့အား မသင်္ကာသဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့မှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှတဆင့် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ကာ တရားမဝင်ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် ယင်းနေ့တွင် မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအတွင်း လုံခြုံရေးအဖွဲ့ဝင်များမှ လှည့်ကင်းဆောင်ရွက်နေစဉ် ၎င်းရွာအနီး ပုဇွန်ကန်တာဘောင်ပေါ်တွင် ဟူဆောန်အာမတ်(ဘ) အဘူကာလင်၊ ၂၃ နှစ်၊ ဘင်္ဂါလီ/ အစ္စလာမ်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှတဆင့် နယ်စပ်ခြံစည်းရိုးအားဖြတ်ကျော်ကာ တရားမဝင်ပြန်လည်ဝင်ရောက်လာသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group