#LocalNews
Published - 5 March 2022

 

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပုဂ္ဂိုလ်များကို စက်သုံးဆီသုံးစွဲခွင့်နှုန်းထားများ ဧပြီလမှ စတင်ပြီး လျှော့ချသုံးစွဲမယ်လို့ နစက ဒုတိယဥက္ကဋ္ဌက နေပြည်တော်မှာ ကျင်းပတဲ့ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍရေားနှစ်အတွက် ပြည်ထောင်စုရဲ့ အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

 

“အစိုးရက ခံစားခွင့်ပြုထားတဲ့ လူပုဂ္ဂိုလ်တွေဟာ အဆောင်အယောင်များဆိုင်ရာ ဥပဒေအရ ခံစားခွင့်ပြုထားတဲ့ မော်တော်ယာဉ်များရဲ့ စက်သုံးဆီသုံးစွဲခွင့်ပြုနှုန်းထားတွေကိုလည်း လက်ရှိနိုင်ငံတော်ရဲ့ ရငွေပိုင်းအခြေအနေအရ ခြိုးခြံချွေတာရေးအရ ၂၀၂၂ ခုနှစ် ဧပြီလမှ စတင်ပြီး လျှော့ချသုံးစွဲကြမယ်”လို့ ဒုတိယ ဥက္ကဋ္ဌက ပြောပါတယ်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စက်သုံးဆီနဲ့ ပတ်သတ်ပြီး ဌာန၊ အဖွဲ့အစည်းတွေက ဝန်ထမ်းရာထူး အဆင့်အလိုက် သတ်မှတ်လျာထားတဲ့ စက်သုံးဆီ၊ အုပ်ချုပ်မှုသုံးနဲ့ လုပ်ငန်းသုံးယာဉ်တွေအတွက် လျာထားတဲ့ စက်သုံးဆီအရေအတွက် ဂါလန်တွေဟာ ယခင် ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် များစွာလျော့နည်းသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

 

စက်သုံးဆီတွေကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရတဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုလျော့နည်းစေဖို့ အသုံးစရိတ်လျှော့ချနိုင်ဖို့ စက်သုံးဆီသုံးစွဲမှုနဲ့ပတ်သက်ပြီး အသုံးစရိတ်လျှော့ချနိုင်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

ymg/ei
#Yangon_Meida_Group