#LocalNews
Published - 5 Mar 2022

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၆)၊ စက်လမ်းနှင့်ပွင့်သစ်လမ်းထောင့်တွင် မီးလောင်မှုဖြစ်စဥ်တစ်ခု ဒီကနေ့ မတ်လ ၅ ရက်၊ နံနက် ၃ နာရီ ၅ မိနစ် အချိန်ခန့်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ မီးလောင်မှုကို ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

 

ယင်းမီးလောင်မှုကို နံနက် ၃ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု အကြောင်းအရင်းအသေးစိတ်ကိုတော့ မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

 

အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ဘူးလို့ သိရပါတယ်။

 

Photo - MFSD

ymg/kg
#Yangon_Media_Group