#LocalNews Published - 1 March 2022 ထိုင်း - မြန်မာနယ်စပ် တတ်ခရိုင်စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်းက ဖမ်းမိသောတရားမဝင် မြန်မာများအနက် (၃)ဦးတွင် ကိုဗစ် ပိုးတွေ့ရှိခဲ့ရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။ ထိုင်း - မြန်မာနယ်စပ် တတ်ခရိုင်စစ်ဆေးရေးဂိတ်ကို ပစ်ကပ်ကားတစ်စီး ဖြတ်သန်းမောင်းနှင်လာကြောင်းနှင့် မသင်္ကာဖွယ်တွေ့ရကြောင်း သတင်းရရှိသောကြောင့် မဲ့ထောရဲစခန်းမှ ရုံဘန်စွန်ဒေစ်ဖကျောင်း တတ်စင်ဆေးရုံရှေ့တွင် စစ်ဆေးရှာဖွေမှု များလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ယင်းသို့ စစ်ဆေးစဉ် ယာဉ်မောင်း၏ နောက်ခန်း၌ တရားမဝင်မြန်မာနိုင်ငံသား ၆ ဦး တွေ့ရှိကြောင်း၊ယင်းအပြင် ယာဉ်နောက်ခန်းတွင်လည်း မိုးကာဖြင့် ဖုံးအုပ်ပုန်းအောင်းအိပ်လျက်လိုက်ပါလာသည့် တရားမဝင် မြန်မာ နိုင်ငံသား ၇ ဦး ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ၊ ၎င်း တရားမဝင်မြန်မာနိုင်ငံသား ၁၃ ဦးမှ ၃ ဦးအား ATK ဖြင့် စစ်ဆေးစဉ် ကိုဗစ်ရောဂါကူးစက်ခံနေရကြောင်း သိရသည်။ YMG/MT Yangon_Media_Group