#LocalNews
Published - 23 Feb 2022


မဲခေါင်မြစ်ဝှမ်း နယ်စပ်ဒေသတွင် မိုးရေချိန်စောင့်ကြည့်လေ့လာရေးစခန်း ၁၀ ခု တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တပ်ဆင်မှုကို လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံရုံးက ဒီကနေ့( ဖေ ဖော်ဝါရီ ၂၃)ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ယင်းအထူးရန်ပုံငွေ အထောက်အပံ့ဖြင့် တပ်ဆင်ခဲ့သည့် အလိုအလျောက် ရေအဆင့်နှင့် မိုးရေချိန်စောင့်ကြည့်လေ့လာရေးစခန်း ၁၀ ခုသည် မြန်မာနိုင်ငံ၏ မဲခေါင်မြစ်ဝှမ်း နယ်စပ်ဒေသများ၌ အချိန်နှင့်တပြေးညီ ဒေတာအချက်အလက်များ စုဆောင်းခြင်း၊ရေကြီးမှုအမှတ်နှင့် အန္တရာယ်အဆင့် မှတ်သားခြင်းတို့ တွင် အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရေကြီးမှု ကြိုတင်သတိပေးနိုင်စွမ်းကို အားကောင်းစေပြီး ရေလွှမ်းမိုးမှုကြောင့်ဖြစ်ပွားသော အသက်နှင့်ပိုင်ဆိုင်မှုများ ဆုံးရှုူံးမှုကို လျှော့ချရန်၊ ရေလွှမ်းမိုးမှု၏ လူမှုရေး၊ စီးပွားရေးနှင့် ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးများ ပိုမိုမြင့်မားလာစေရန်နှင့် ရေလွှမ်းမိုးသောဒေသများအနီးတွင် ပိုမိုဘေးကင်းလုံခြုံမှုရှိသော လူနေရပ်ကွက်များ တည် ဆောက် ပေးနိုင်ရန် အထောက်အကူဖြစ်စေမှာ ဖြစ်တယ်လို့ လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

ဓါတ်ပုံ - မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံရုံး။

ymg/kg
#Yangon_Media_Group