#LocalNews
Published -23 Feb 2022
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှု မြင့်မားလာသောကြောင့် မြန်မာနိုင်ငံမှ ကိုရီးယားသို့ ကိုးရီးယားသို့ တရားဝင် ခွင့်ပြုစနစ်EPS( Employment Permit System) ဖြင့် အလုပ်သမားစေလွှတ်နေမှုကို ယာယီရပ်ဆိုင်းထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက သိရသည်။

ကိုဗစ်-၁၉ ရောဂါ တွေ့ရှိမှုနှုန်း မြင့်တက်လာ၍ ကိုရီးယား နိုင်ငံသို့ EPS လုပ်သားများ ဝင်ရောက်မည့်နေ့ရက်ကို HRD- Korea မှ ယာယီရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး ခွင့်ပြုမည့်ရက်ကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံးများမှ ကြိုတင်အကြောင်းကြားမည် ဟုလည်း သိရသည်။

ကိုရီးယားနိုင်ငံသို့ ဝင်ရောက်မည့် နိုင်ငံခြားသားများအား နိုင်ငံတွင်း ဝင်ခွင့်ပေးရန် သင့်မသင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်သဘောတူကြောင်း ကိုရီးယားတရားရေး လဝကဌာနမှထုတ်ပေးသော ရုံးစာ (visa issuance) CCVI ရရှိပြီး အလုပ်သမားများအတွက် HRD-Korea မှ အစိုးရ ပြည်အလုပ် အကိုင်အေဂျင်စီရုံးသို့ ဝင်ရောက်ရမည့် ခန့်မှန်းနေ့ရက်ပေးပို့လာပါက အလုပ်သားများထံ စစ်ဆေးခြင်းနှင့် ဗီဇာတင်ခြင်းကို ဆောင်ရွက်ရန် အေဂျင်စီများမှ အကြောင်းကြားရမည် ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကြောင့် တောင်ကိုရီးယားနိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံမှ လုပ်သား များကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်က စတင်၍ ပြည်ဝင်ခွင့်ပိတ်ပင်ထား ခဲ့ရာမှ၂၀၂၁ ခုနှစ်၊ ဒီ ဇင်ဘာလ ၃၀ တွင် လည်စေ‌လွှတ်ခွင့်ပြုခဲ့ရာ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လ ၂၀ ရက်ထိ Re-Entry လုပ်သား ၁၂၈ ဦး ၊ EPS Regular လုပ်သား ၁၂၈ ဦး ကို စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း တရားဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

ymg/mt
#Yangon_Media_Group