#LocalNews
Published-Feb 23 2022


နိုင်ငံတကာ သဘောတူစာချုပ်ရဲ့ အာတီကယ် (၉) အရ တရားရုံးသို အမှု တင်သွင်းရန် အဖွဲ့ဝင် နှစ်နိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုရှိရန် လိုအပ် ကာဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှု လုံးဝမရှိကြောင်း လျှောက်လဲချက်ကို တရားရုံးသို့ တင်သွင်းခဲ့တယ်လို့ နစက နိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်တယ်ဆိုတဲ့စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်လျက် ရှိပြီး အဆိုပါ ကြားနာပွဲကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေ့Professor Robert Kolb က မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နဲ့ ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ရဲ့ အာတီကယ် (၈) ကို ခြွင်းချက်ပြုလုပ်ထားကာမည်သည့်စာချုပ်ဝင်နိုင်ငံကမဆို ကုလသမဂ္ဂရဲ့ အဖွဲ့ အစည်းများ (အပြည်ပြည်ဆိုင်ရာတရားရုံး အပါအဝင်) သို့ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံအား အရေးယူဆောင်ရွက်ရန် တောင်းဆိုမှုကို လိုက်နာရန် မလိုကြောင်း လျှောက်လဲချက်ကို လည်းကောင်း၊ Dr. Christopher Staker က ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နဲ့ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်ရဲ့ အာတီကယ် (၉) အရ တရားရုံးသို အမှု တင်သွင်းရန် အဖွဲဝင် နှစ်နိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုရှိရန် လိုအပ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှု လုံးဝမရှိကြောင်း လျှောက်လဲချက်ကိုတင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်အတိုင်း အလေးထား အကောင်အ ထည်ဖော်လျက်ရှိကာ ပုံမှန်တင်သွင်းရမယ့်အစီရင်ခံစာများဆက်လက် တင်သွင်းလျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးကိုကိုလှိင်က ပြောကြားခဲ့တယ်လို့ လည်းသိရပါတယ်။

ဖေဖော်ဝါရီ ၂၁ရက်နေ့က ပြုလုပ်ခဲ့တဲ့ကနဦးကန့် ကွက်လွှာဆိုင်ရာ ကြားနာပွဲမှာပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က " မြန်မာနိုင်ငံအစိုးရအနေဖြင့် ယခုတရားစွဲဆိုမှုနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ ဆက်လက်လုပ်ဆောင်ရမည့် တာဝန်ဝတ္တ ရားများကို လိုက်နာဆောင်ရွက်လျက်ရှိကာ တရားရုံးမှ ချမှတ်ခဲ့သော ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်အတိုင်း အလေးထား အကောင်အထည်ဖော်လျက်ရှိပြီး ပုံမှန်တင်သွင်းရမည့် အစီရင်ခံစာများကိုလည်း ဆက်လက် တင်သွင်းလျက်ရှိကြောင်း" ထည့်သွင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ တရားရုံးက ဤအမှုကို စီရင်ပိုင်ခွင့် မရှိကြောင်း (သိုမဟုတ်) လက်ခံကြားနာနိုင်မှု မရှိကြောင်း ကနဦးကန့်ကွက်လွှာ တင်သွင်းခြင်းသည် တရားရုံး၏ တရားစီရင်မှုလုပ်ထုံးလုပ်နည်းများအပေါ် ဆင်ခြေပေးကန့်သတ်ရန်အတွက် မဟုတ်ဘဲ တရားမျှတမှုကို တော်တည့်မှန်ကန်စွာ ဖော်ဆောင်နိုင်ရေးအတွက် ရည်ရွယ်တယ်လို့ လည်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင်မြန်မာနိုင်ငံအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ရှိ IDP စခန်းများတွင် နေထိုင်လျက်ရှိသူများကို အခြားပြည်သူများနှင့်တန်းတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း၊ ယင်း IDP စခန်းများကို ရုပ်သိမ်းနိုင်ရေးအတွက်လည်း စတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဖြစ်ပေါ်တိုးတက်မှုများကိုကြည့်လျှင် မြန်မာနိုင်ငံအစိုးရ၏ ထိရောက်ပြီး အပြုသဘော ဆောင်သည့် အဖြေရှာမှုနည်းလမ်းများအပေါ် အလေးအနက်ထားသည့် ဆန္ဒမှန်ကိုသိရနိုင်တယ်လို့ လည်းပြောဆိုခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာနိုင်ငံရဲ့လျှောက်လဲမှုများအပေါ် တန်ပြန်လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် ပြုလုပ်မှာဖြစ်ပါတယ်။

ymg/hm
#Yangon_Media_Group