#LocalNews
Published - 23 Feb 2022

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန် (၂)၊ မက္ခရာမင်းသားကြီးလမ်းပေါ်တွင်ရှိသော မြန်မာ့မဏ္ဍိုင် ငါးအအေးခန်းစက်ရုံမီးလောင်ရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှံးမှုတန်ဖိုးကို မသိရသေးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် စတင်လောင်ကျွမ်းသော မီးမှာ တစ်နာရီခွဲခန့်ကြာသည်ထိ လောင်ကျွမ်းနေသောကြောင့် ည သန်းခေါင်ကျော်အချိန်မှ မီးငြိမ်းခဲ့ကြောင်း သိရသည်။

"မီးဘာကြောင့်လောင်ရတယ်ဆိုတာကို စစ်ဆေးနေတုန်းပါ၊ပျက်စီးဆုံးရှုံးတာကိုလည်း စစ်နေပါတယ်။စက်ရုံမှာက လောင်စာများတယ်။အချိန်မီ မီးထိန်းနိုင်ခဲ့လို့သာ တခြားတွေကို မကူးစက်တာပါ။စက်ရုံထဲမှာ ဖော့ပုံးတွေ ရှိနေတယ်လေ။မီးလောင်ကျွမ်းမှုအဆင့်ကို Level 2 ထိ သတ်မှတ်ခဲ့ရတယ်။မီးက များတယ်။တော်တော်လေးကို ငြှိမ်းသတ်ခဲ့ကြရတယ်။အအေးခန်းစက်ရုံဘေးမှာက အထပ်သားစက်ရုံရှိနေတယ်"ဟု မီးသတ်တာဝန်ရှိသူက YMG ကို ပြောသည်။

အဆိုပါ မြန်မာ့မဏ္ဍိုင် ငါးအအေးခန်းစက်ရုံမှာ ပေ ၅၀၀၊ ပေ ၁၀၀ ပတ်လည် အကျယ်ရှိပြီး စက်ရုံတစ်ရုံ မီးလောင်ကျွမ်း ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

ymg/mt
photo-MFSD
#Yangon_Media_Group