#LocalNews
Published - 16 Feb 2022


တပ်မတော်တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်း ပျက်ကျ၍ လေယာဉ်မှူးဖြစ်သူသေဆုံးသွားကြောင်း နစက ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်က လေ့ကျင့်ရေးဧရိယာအတွင်း လေ့ကျင့်ပျံသန်းနေစဉ် စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပျက်ကျခဲ့ကြောင်း၊တပ်မတော်(လေ)မှ လေယာဉ်တစ်စင်းဖြင့် လိုက်လံရှာဖွေခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို၊အုန်းတောကျေးရွာ၏ အရှေ့ဘက် ရေမျက်ကြီးအင်းအတွင်း ပျက်ကျခဲ့သည့် လေယာဉ်ကိုတွေ့ခဲ့ရကြောင်း သိရသည်။

ယင်းလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှုး ဖြစ်သူ ဗိုလ်ကြီး ဟိန်းထက်အောင် မှာ အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်

ymg/mt
#Yangon_Media_Group