#LocalNews
Published - 16 Feb 2022
ရန်ကုန်တိုင်း ဒေသကြီးရှိ ဒလမြို့နယ်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၈၀ ဦး အထိရှိလာတယ်လို့ ဒလမြို့နယ်၊ ကိုဗစ်-၁၉ သတင်းပြန်ကြားရေးကော်မတီမှ သိရပါတယ်။

အဆိုပါ ဒလမြို့နယ်၌ ယခု ဖေ ဖော်ဝါရီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ဒေသခံပြည်သူ ၄၅ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာမှ ၄င်းတို အားလုံးတွင် ကိုဗစ် ၁၉ ရောဂါပိုး‌အား တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

ထို့ ကြောင့် လက်ရှိအချိန်ထိ ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ရှိသူ စုစုပေါင်း ၈၀ ဦးအထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း ဒလမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ မှ ဦးဆောင်၍ အနယ်နယ်အရပ်ရပ်က ခရီးသွားလုပ်သားပြည်သူများ၊ ဒေသခံပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်းများပေးဝေခြင်းနှင့် အသိပညာပေးနှိးဆော်ခြင်းလုပ်ငန်းများကိုလည်း မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများနှင့် ဒလသင်္ဘောဆိပ်ကမ်းနှင့် စက်တပ်သမ္ဗန်ကူးတို့ဆိပ်တို့တွင် ပြုလုပ်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေ့စဉ် ပိုးတွေ့လူနာသစ် တစ်ထောင်ကျော်တွေ့ ရှိမှုမှာ ရန်ကုန်တိုင်းဒေသကြီးက တစ်နေ့ကို လူဦးရေ ၆၀၀ ကနေ ၇၀၀ နှုန်းနဲ့ အများဆုံးပိုးတွေ့ရှိနေတာဖြစ်ပြီး ဖေဖော်ဝါရီ လဆန်းပိုင်းက ပိုးတွေ့နှုန်းမှာ ၃ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ အခုဆိုရင် ၈ ရာခိုင်နှုန်းအထိ တိုးမြင့်တွေ့ ရှိလာတာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ - ဒလမြို့နယ် ကိုဗစ်-၁၉ သတင်းပြန်ကြားရေးကော်မတီ။

ymg/kg
#Yangon_Media_Group