#LocalNews
Published - 16 Feb 2022

ညောင်သုံးပင်ဆရာ တော်ဘုရားကြီး၏ ကြွင်းကျန်သောရုပ်ကလပ်ကို MAI စင်းလုံးငှါးလေယာဉ်ဖြင့် မနက်ဖြန်( ဖေဖော်ဝါရီလ ၁၇ ရက်)တွင် မြန်မာနိုင်ငံရှိ မန္တ လေးမြို့သို့ ပြန်လည်ပင့် ဆောင်မှာဖြစ်သည့်အတွက် လိုအပ်သည့် ပြင်ဆင်မှုများနှင့် ဆရ တော်ကြီး အတွက် ရည်စူးကုသိုလ်ပြုပွဲကို ယနေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တပည့်သံဃာ တော်များနှင့် ဒါယိကာ၊ ဒါယိကာမများက စု ပေါင်း၍ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆရာတော်ကြီး၏ ကြွင်းကျန်သောရုပ်ကလပ်ကိုလည်း မနက်ဖြန် ဘန်ကော်စံတော်ချိန် ၁၀ နာရီ ၂၅ မိနစ်တွင် (MAI)စင်းလုံးငှါးလေယာဉ်ဖြင့် ပြန်လည့်ပင့်ဆောင်မည်ဖြစ်ပြီး မန္တလေးလေဆိပ်တွင် အဖူးမျှော်ခံကာ ထိုမှတစ်ဆင့် မိုးကုတ်မြို့သို့ ဆက်လက်ပင့်ဆောင်၍ ယခု
ဖေဖော်ဝါရီလ ၂၆ ရက် နေ့အထိ အပူဇော်ခံထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်အား မိုးကုတ်မြို့ညောင်သုံးပင်ကျောင်းတိုက်မှာလည်း (၂)ပတ်တာ အဖူးမြော် ခံထားရှိကာ အန္တိမဈပနကို ကျင်းပပူဇော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အန္တိမဈပနကို ကျင်းပပူဇော်သွားမည့် အစီစဉ်အသေးစိတ်ကိုလည်း ထပ်မံကြေညာ အသိပေးသွားမယ်လို့ ဆရာတော်ကြီး၏ ဒါယိကာ၊ ဒါယိကာမများထံမှ သိရပါတယ်။

မိုးကုတ်မြို့၊ ညောင်သုံးပင်သာမဏေကျော်စာသင်တိုက်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်) အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရ ဆရာတော် ဒေါက်တာ
ဘဒ္ဒန္တတေဇောသာရ သက် တော်(၅၉)နှစ်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ အသဲ ရောဂါ ကြောင့်ဆေးကုသမှုခံယူ နေစဉ် ဖေ ဖော်ဝါရီ ၁၄ ရက်၊ နံနက် (၁၂ နာရီ ၅၄ မိနစ်)အချိန်တွင် ဘဝနတ်ထံပျံလွန် တော်မူသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယနေ့ နံနက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့တဲ့ ဆရာ တော်ကြီး အတွက် ရည်စူးကုသိုလ်ပြုပွဲ အခမ်းအနားမှ ပုံရိပ် တွေကိုလည်း ယခုလိုတွေ့ မြင်ဖူးမြော်ရမှာဖြစ်ပါတယ်။

ဓါတ်ပုံ - ဒေါက်တာ တေ ဇောသာရ ဘိဝံသ(Page)

ymg/kg
#Yangon_Media_Group