#LocalNews
Published - 12 Feb 2022

မိုးကုတ်မြို့နယ်၊အုန်းကိုင်းရွာသစ်ရှိ လက်လီစက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၂ရက်နေ့၊ ၁၂နာရီ ၁၇ မိနစ်အချိန်ခန့်ကမန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ အုန်းကိုင်းရွာသစ်တွင် လက်လီစက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လယ်ဦးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မိုးကုတ်မြို့နယ်အရန်မီးသတ်မှ မီးသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁နာရီ ၅မိနစ် အချိန် မီးငြိမ်းခဲ့တယ်လို့သိရပါတယ်။

မီးလောင်ရသည့် အကြောင်းအရင်းနဲ့ပျက်စီးမှုတန်ဖိုးအား စုံစမ်းဆဲဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ ကနေသိရပါတယ်။
ymg/hm

 #Yangon_Media_Group