#LocalNews
Published- 12 Feb 2022
ဖေဖော်ဝါရီလ ၁၂ရက်ယနေ့ မွန်းလွဲပိုင်းကရှမ်းပြည်နယ်အရှေ့ပိုင်း၊ သိန္နီမြို ကွမ်းလုံလမ်းခွဲယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးလူ၃ ဦးသေဆုံး ကာ ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့
အနှိုင်းမဲ့ကုသိုလ်လူမှုကူညီရေးအသင်းက သိရပါတယ်။

ယာဉ်တိုက်မှုအရှိန်ပြင်းတာကြောင့် ယာဉ်၏ညာဘက်ခြမ်းတစ်ခြမ်းလုံးပျက်စီးသွားခဲ့ပြီး ယာဉ်ပေါ်ပါသူများကိုခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

"ယာဉ်တိုက်မှုကတော်တော်ဆိုးတယ်ဗျာ ကားတစ်စီးလုံးကြေထွက်သွားတာ ကယ်ဆယ်ရေးအချိန်ပေးလိုက်ရတယ် ခုတော့ဆေးရုံပိုလိုက်ပါတယ် ဖြေးဖြေးမောင်းဖို့ သတိပေးလိုပါတယ်"လို့ သွားရောက်ကူညီပေးသူတစ်ဦးကပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး၊အမျိုးသမီး ၂ဦးသေဆုံးခဲ့ကာ အမျိုးသား၂ဦး အမျိုးသမီး ၄ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး သိန္နီမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထား တယ်လို့သိရပါတယ်။

ymg/hm

#Yangon_Media_Group