#LocalNews
Published - 12 Feb 2022

ယနေ့ နေ့လယ်က ရန်ကုန် အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား ၉၀ကျော်ကို ကနဦးလွှတ်ပေးခဲ့ပါတယ်။

လက်ရှိမှာ ထောင်တွင်းလွှတ်ပေးဖို့ ကျန်နေသူတချို့ရှိတယ်ဆိုတဲ့သတင်းတွေကြောင့် အကျဉ်းထောင်ရှေ့မှာ ဆက်လက်စောင့်ဆိုင်းနေကြသူတွေ ရှိနေကြတာပါ။

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အကျဉ်းသား ၈၁၄ ဦးအား ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာခဲ့ပါတယ်။

ပြစ်ဒဏ်များကို ကျခံပြီး ဖြစ်သည့်အပြင် စည်းကမ်းကောင်းမွန်စွာ နေထိုင်ကျသော အကျဉ်းသား ၈၁၄ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ၎င်းတို့ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ymg/ TL

#Yangon_Media_Group