#LocalNews
Published -12 Feb 2022
စစ်ကိုင်းတိပိဋက ဆရာတော်ပျံလွန်တော်မူခြင်းအပေါ် တိပိဋကယောဆရာတော်ကြီးမှ သံဝေဂ သဝဏ်လွှာပေးပို့လိုက်တယ်လို့ သိရပါတယ်။

သံဝေဂသဝဏ်လွှာတွင် ကိုရင်ဘဝ၌လည်း အလင်္ကာရဖြင့် ကျော်ခဲ့ ရဟန်းဘဝ၌လည်း ဓမ္မာစရိယ ၃ဘွဲ၊ အဘိဝံသ ၂ ဘွဲတိုဖြင့် ကျော်ခဲ့၊ ရဟန်းကျော်ဘဝ၌လည်း တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲတိုဖြင့် ကြက်သီးထခမန်းလျှမ်းလျှမ်းတောက်ကျော်ခဲ့၊ အရှိန်အဟုန်မပျပ် တက်၍တက်၍ ပဓာနနာယကဂုဏ် ဟောနိုင်ပြောနိုင် ဆုံးမနိုင် သင်ပြပို့ချနိုင်သည့်ဂုဏ် စသည့် သာသနာတော်အတွက် စွမ်း ဆောက်ချက် ဂုဏ်အဖြာဖြာတို့ဖြင့် ကျော်တုန်း ကျော်ဆဲ ကျော်မဆုံးပင် ဖြစ်နေပါကြောင်း၊ နောက်ထပ်စွမ်း ဆောင်ရန် အချိန်အရွယ်များစွာ ကျန်ရှိသေးပါကြောင်း အလွန်နှမျောလှပါ တယ်လို့ မိန့်ကြားဖော်ပြထားပါတယ်။

ဆက်လက်ပြီး" ရုပ်နာမ်ခန္ဓာ၊ ဧည့်သည်ပါ၊ ခုလာ ခုပင် ပြန်သွားကြ၊ ချက်ချင်းလာလိုက်၊ ပြန်သွားလိုက်၊ မော ဟိုက်ပင်ပန်းရ၊ ဝိပဿနာ၊ ပညာအသိ၊ ဧည့်ကြိုဘိ၊ အားဖြည့်စိတ်တင်း ငြိမ်းအေးရ၊ ဧည့်ကြိုပညာ၊ ပေးထားပါ၊ ပညာလက်ဆောင် ကိုယ်စီရ၊ ဖြစ်လာမှာတော့ ပျက်မှာပေါ့တဲ့ မပျက်ရာမှန်၊ မြတ်နိဗ္ဗာန်၊ ဧကန်ရှိသားပဲတဲ့ တိပိဋက နောင်တော်"ဟူ၍ တိပိဋကယောဆရာတော်ကြီးမှ သံဝေဂသဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။

ဆရာတော်မှာထိုင်းနိုင်ငံ၊ဘန်ကောက် မြို့ Bumrungrad ဆေးရုံကြီးမှာ ရိုးတွင်းချဉ်ဆီအစားထိုးလဲလှယ်ကုသရန် နှင့်သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူရင် ယင်းဆေးရုံတွင် ဖေဖော်ဝါရီ ၇ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီ ၄၉မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပါတယ်။

ဆရာတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော် ဦးတင်ရ၊မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀ပြည့်နှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်၊တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပြီး ဘဝနတ်ထံပျံလွန်တော်မူစဉ်မှာ သက်တော်(၅၄)နှစ်၊သိက္ခာတော်(၃၄)ဝါရှိပြီဖြစ်ကာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်မှာ အန္တိမအဂ္ဂိဈာပနပူဇော်မှာဖြစ်တယ်လို့ သိရပါတယ်။
ygm/hm