#LocalNews
Published -12 Feb 2022
ဖေဖော်ဝါရီ လ ၁၂ရက်နေ့ ယနေ့ မွန်းလွဲ ၁၂နာရီခန့်ကရန်ကုန်မြို့ ၊ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၉၀ ခန့်ဆပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

"ထောင်ဘူးဝကနေကား ၄ စီး ထွက်သွားတယ်။အယောက် ၉၀ ဝန်းကျင် လွှတ်ပေးတယ်လို့ ကြားတယ်စောင့်နေသူတွေ ဆက်လက်စောင့်နေကြတယ်။လွတ်ငြိမ်းက ပြီးပြီဆိုပြီးလည်း
ပြောနေကြတယ်"လို့ အကျဉ်းထောင်အနီးရောက်ရှိနေသူတစ်ဦးကပြောပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အကျဉ်းသား ၈၁၄ ဦးအား ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာခဲ့ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ်အားဖြင့် ပြစ်ဒဏ်များကို ကျခံပြီး ဖြစ်သည့်အပြင် စည်းကမ်းကောင်းမွန်စွာ နေထိုင်ကျသော အကျဉ်းသား ၈၁၄ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ၎င်းတို့ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု လိုက်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ymg/hm

#Yangon_Media_Group