#LocalNews
Published - 11 Feb 2022

 

ဒီကနေ့( ဖေဖော်ဝါရီလ ၁၁ ရက်)၊ နံနက်ပိုင်းအချိန်က မုံရွာ - မန္တလေးလမ်းတွင် (၆)ဘီးယာဥ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရပါတယ်။

 

အဆိုပါယာဥ်တိုက်မှုဟာ မုံရွာ - မန္တလေးလမ်း၊နတ်ရေကန်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် တစ်ဦးသေဆုံးခဲ့ရပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

 

"ကုန်တင်ကားနှစ်စီးတိုက်မိပြီး လူနာနှစ်ဦးရှိတယ်လို့ တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားလာတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က ကယ်ဆယ်ရေးယာဉ်(၁)စီးနဲ့ လူနာတင်ယာဉ်(၂)စီးထွက်ခွာပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။"လို့ ဒေသခံလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့ရသူနှင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးကိုလည်း ချောင်းဦးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး(အဖွဲ့ချူပ်)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချူပ်(မုံရွာ)

 

ymg/kg
#Yangon_Media_Group