#WorldSports
Published - 11 Feb 2022

 

မြန်မာနိုင်ငံကိုယ်စားပြု MMA ကစားသမား ထီရယ်လ်ထန်ရဲ့ တွဲဆိုင်းပါဝင်မယ့် ONE Championshipရဲ့ Bad Blood အမည်ရပြိုင်ပွဲကို ဖေဖော်ဝါရီ (၁၁)ရက် ယနေ့ညနေပိုင်းမှာ စင်ကာပူနိုင်ငံမှာကျင်းပသွားမယ်လို့ သိရပါတယ်။

 

ONE Championship ရဲ့ Bad Blood အမည်ရ MMA ပြိုင်ပွဲမှာ တွဲဆိုင်း (၁၃)ပွဲ ပါဝင်မှာဖြစ်ပြီးမြန်မာ့ MMA ကစားသမားထီရယ်လ်ထန်မှာ အင်ဒိုနီးရှားနိုင်ငံသား ဆူနိုတိုနဲ့ ပထမဆုံးပွဲစဉ်အဖြစ် ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

 

ထီရယ်လ်ထန်မှာ ONE Championship (၅)ပွဲမြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသား ဆာရော့သ်၊ တောင်ကိုရီးယားနိုင်ငံသား ကင်မ်ဝူဂျောင်နှင့် အင်ဒိုနီးရှားနိုင်ငံသား ပေါလ်လူမီဟီတို့ကို အနိုင်ရထားသော်လည်း နောက်ဆုံးပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသား ဆောင်မင်ဂျောင်ကို ရှုံးနိမ့်ထားပါတယ်။

 

Bad Blood ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းများအဖြစ် ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ဘီဘီယာနို (ဘရာဇီးလ်)နှင့် ဂျွန်လိုင်နီကာ (ဘရာဇီးလ်)၊ Interim Heavyweight ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် အန်နာတိုလီ (ရုရှား)နှင့် ကီရီလ် (ဘီလာရုစ်)တို့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

 

ymg/hm
#Yangon_Media_Group