#LocalNews
Published -11 Feb 2022

 

ဖေဖော်ဝါရီလ ၁၁ ရက် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)စတဲ့ မြို့နယ် ၃ ခု မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

 

ဖြစ်စဥ်များမှာ ယနေ့ နံနက်၈နာရီ ၄၂ မိနစ်က သင်္ဃန်းကျွန်းမြို့နယ်၊ (ဃ)ရပ်ကွက်၊ ယုဇနလမ်းတွင်က မီးလောင်မှုဖြစ်ပွားရာ သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာခဲ့ရာ နံနက် ၉ နာရီ အကျော်တွင် မီးငြိမ်းသွားခဲ့ပါတယ်။

 

ဆက်လက်ပြီး သာကေတမြို့နယ်၊ (၅)ရပ်ကွက်၊ ရှုခင်းသာလမ်းတွင် ကား(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ မီးလောင်မှုမှာ အင်ဂျင်အပူလွန်ကဲ၍ မီးခိုးထွက်ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ထပ်မံ၍ ယနေ့မွန်းလွဲ ၂ နာရီကျော်ခန့်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ အမှတ်(၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များနှင့် လေးထောင့်ကန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ သွားရောက်ငြိမ်းသတ်ခဲ့ရာ၂ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

 

ymg/hm
Photo-MFS
#Yangon_Media_Group