#Local_News
Published_ 10 Feb 2022

 

ကရင်ပြည်ပြည်နယ်၏မြို့တော် ဘားအံကို အစိမ်းရောင်မြို့တော်ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့ (မော်လမြိုင်) ဘက်ခြမ်း မြို့အဝင်ဖားစည်ကျွဲချိုမုခ်ဦးကို ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

 

ကရင်ပြည်နယ်မြို့တော် ဘားအံမြို့အား တင့်တယ်ခန့်ညားသော မြို့အဝင်မုခ်ဦးဆိုင်းဘုတ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် ကရင်လူမျိုးတို့၏ အမျိုးသားသင်္ကေတ တစ်ခုဖြစ်တဲ့ ဖားစည်နှင့်ကျွဲချိုမုခ်ဦးခုံး ဒီဇိုင်းပုံစံကို အတည်ပြုရွေးချယ်ပြီး တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဆိုပါမုခ်ဦးဟာ အလျား ၇၀ ပေ၊ အနံ ၆ ပေ၊ အမြင့် ၂၅ ပေရှိ ဖားစည်ကျွဲချိုမုခ်ဦးခုံးပုံစံဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ကာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
မုခ်ဦးကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနဲ့ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group