#LocalNews
Published -10 Feb 2022

 

ဖေဖော်ဝါရီလ ၁၀ ရက် ယနေ့၊ နံနက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကောကရိတ်-မြဝတီ အာရှကားလမ်းမကြီးပေါ်တွင် ကုန်တင်ယာဥ်တစ်စီးမီးလောင်ခဲ့တယ်လို့သိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့ နံနက် ၇ နာရီ ၁၈ မိနစ်အချိန်က အာရှလမ်းမကြီးကီလိုမီတာအမှတ် ၁၅၃ နှင့် ၁၅၄ ကြားတွင် မော်တော်ယာဉ်(၁)စီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကော့ကရိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီးတို့ဖြင့်ငြှိမ်းသတ်ခဲ့ရာ နံနက်၈ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

 

မီလောင်မှုဖြစ်စဥ်ကြောင့် ယာဥ်ပေါ်ပါ ကုန်ပစ္စည်းများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုအကြောင်းအရင်းကို
စိစစ်နေဆဲဖြစ်တယ်လို့ ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့ကသိရပါတယ်။

ymg/hm
#Yangon_Meida_Group