#Local_Health
Published_ 10 Feb 2022

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ဖေဖော်ဝါရီလဆန်းမှစတင်ကာ ပြန်လည် မြင့်တက်နေပြီး ကူးစက်ခံရသူ၏ ထက်ဝက်ကျော်မှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းများအရသိရပါတယ်။

 

ဖေဖော်ဝါရီ ၈ ရက်နေ့စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ကူးစက်သူ ၁,၁၄၅ ဦးရှိခဲ့ပြီး ၇၁၁ ဦးဟာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ကူးစက်ခံရသူ အားလုံးရဲ့ ၆၂ ရာခိုင်နှုန်းကျော်ရှိနေပါတယ်။

 

ရန်ကုန်ရဲ့နောက် ကူးစက်ခံရသူများတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဧရာတီတိုင်းဒေကြီးမှာ ၇၅ ဦးရှိပြီး၊ ကချင်ပြည်နယ်ကတော့ ၅၄ ဦးရှိပါတယ်။

 

ဖေဖော်ဝါရီ ၉ ရက် (ယနေ့) အထိ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၄၀,၅၉၇ ဦး ရှိပြီး သေဆုံးသူစုစုပေါင်း ၁၉,၃၁၀ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ လူဦးရေ ၂၂,၅၇၃,၈၀၆ ဦးအား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် နှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိတယ်လို့ ဆိုပါတယ်။

 

ymg-mnn
#Yangon_Media_Group