Published-29 July 2021
မြန်မာနိုင်ငံမှာဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်-၁၉ကူးစက်ပျံနှံ့မှုတွေအတွက် လိုအပ်နေတဲ့ ကျန်းမာရေးဓာတ်ခွဲခန်းသုံးကိရိယာတွေနှင့် ကာကွယ်ရေးပစ္စည်းတွေကို
ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TICA)က
လှုဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။
အဲဒီပစ္စည်းတွေကတော့ -Time PCR, Automatic Nucleic Acid Purification Instrument, Vortex Mixer, High Speed Centrifuge, Biological Safety Cabinet Class II- Type A2, PCR cabinet, Autoclave, Pipet Research Plus, DNA/RNA Extraction Kit, Bio indicator စက်များနှင့် PPE ဝတ်စုံများဖြစ်ပြီး ရန်ကုန်မြို့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အခုလှုဒါန်းမှုဟာ မြန်မာ-ထိုင်းနှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှဒ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်က “ကိုဗစ်-၁၉ ကပ်ရောဂါတုန့်ပြန်မှုနှင့်ပြင်ဆင်မှုမြှင့်တင်ရေးစီမံကိန်းအစိတ်အပိုင်းတစ်ခုအနေနှင့်လှုဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
ပထမအကြိမ်တုန်းကလည်း ၂၀၂၁ခုနှစ်မတ်လအတွင်းက မြဝတီမြို့ရှိအထွေထွေရောဂါကုဆေးရုံကြီးသို့ အလားတူ့ပစ္စည်း တွေကို လှုဒါန်းခဲ့ပြီးဖြစ်တယ်လို့ မြန်မာ့သတင်းစဉ်က သတင်းဖော်ပြထားပါတယ်။
ယခုကိုဗစ်-၁၉ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသုံးကိရိယာများနှင့်ပစ္စည်းတွေကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကတစ်ဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက လှုဒါန်းခဲ့ခြင်းဖြစ်ပြီး မဲဆောက်-မြဝတီ အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်ကတစ်ဆင့် ရန်ကုန်မှာရှိတဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ယနေ့ညနေပိုင်းမှာရောက်ရှိလာခဲ့ပါတယ်။ ရန်ကုန်မြို့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနက တာဝန်ရှိသူတွေက အထက်ပါပစ္စည်းတွေကို လက်ခံရယူပေးခဲ့ကြောင်းသတင်းရရှိပါတယ်။