ကိုဗစ်တတိယလှိုင်းမှာ ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှုနှုန်းမြင့်တက်လာတာကြောင့် အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်အသီးသီးကျခံနေရတဲ့ အချုပ်သား၊အကျဉ်းသားတွေကို ကိုဗစ်ရောဂါကာကွယ်ဆေးတွေစတင်ထိုးနှံနေပြီး စတင်ထိုးနှံမှုမှာ ထိန်းသိမ်းခံနေရတဲ့ ယခင်အစိုးရရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနာနဲ့ စာရေးဆရာထင်လင်းဦးတို့ပါဝင်ထိုးနှံခွင့်ရတယ်လို့အကျဉ်းဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က Yangon Times ကို အတည်ပြုပြောကြားပါတယ်။