#LocalNews
Published- 6 Feb 2022
စစ်ကိုင်းတိုင်းဒေသကြီး၊မြင်မူမြို့နယ်တွင် ဆီဘောက်ဆာယာဥ် တစ်စီးတမ်းမှောက်ခဲ့ပြီး ယာဥ်မောင်းနှင်သူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ဖေဖေည်ဝါရီလ ၆ရက်ယနေ့ နံနက် ၁၁နာရီ ၄၅မိနစ်အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ကံပြားကျေးရွာအနီးတွင် ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့်မြင်းမူမြို့ နယ်မီးသတ်စခန်းမှ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထီးဆောင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်‌ယာဉ်(၁)စီးတိုဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆီဘောက်ဆာတွဲကား တိမ်းမှောက်မှုမှဖြစ်ပွား မှုကြောင့်ယာဥ်မောင်းထိခိုက်ဒဏ်ရာရှိခဲ့ပြီး မြင်းမူဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ymg/hm

#Yangon_Media_Group