#LocalNews
Pubnlished - 6 Feb 2022
ရန်ကုန် - မန္တလေး လမ်းပိုင်း အမြန်ရထားခရီးစဥ်အားတစ်ပတ်လျှင် (၃)ရက် ပုံမှန် ပြေးဆွဲ ပေး နေတယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။

အဆိုပါ အမြန်ရထား ခရီးစဥ်ကို တနဂ်နွေ၊ ဗုဒ္ဓဟူးနှင့် သောကြာ နေ့တိုင်း ပြေးဆွဲပေးနေတာဖြစ်ပြီးရန်ကုန်မှ မန္တလေးမြို့သို့ ညနေ ၃ နာရီ ၄၅ မိနစ်တွင်လည်း ကောင်း၊ မန္တလေးမှ ရန်ကုန်မြို့သို့ ညနေ ၃ နာရီတွင်လည်းကောင်း ပုံမှန် ထွက်ခွာ ပြေးဆွဲပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ယင်းခရီးစဥ်အတွက် လက်မှတ်ခနှုန်းထား အ နေနဲ့ ရိုးရိုးတန်း ၄၆၅၀ ကျပ်၊ အထက်တန်း ၉၃၀၀ ကျပ်နှင့်အိပ်စင်ဆိုပါက ၁၃၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီးရန်ကုန် - မန္တလေး အမြန်ရထားခရီးစဥ် အတွက်ခုတ်မောင်းချိန်ဟာ (၁၆)နာရီ ကြာမြင့်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် စာပို့ရထားခရီးစဥ်ကိုလည်း (နေ့စဥ်)ပုံမှန် ပြေးဆွဲပေးနေပြီး ရန်ကုန်မှ မန္တလေးမြို့သို့ မနက် ၈ နာရီတွင်လည်း ကောင်း၊ မန္တလေးမှ ရန်ကုန်မြို့သို့ ညနေ ၃ နာရီ ၁၅ မိနစ်တွင်လည်းကောင်း ထွက်ခွာ ပြေးဆွဲပေးနေပြီး လက်မှတ်ခနှုန်းထားက ရိုးရိုးတန်းအနေဖြင့် ၃၅၀၀ ကျပ် ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စာပို့ရထားခရီးစဥ်က တော့ ခုတ်မောင်းချိန် (၂၆)နာရီ ကြာမြှင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုလို ရထားခရီးစဥ် တွေကို ပြေးဆွဲ ပေးရတာဟာကားခတွေ စျေးအဆမတန် မြင့်တက်နေတဲ့အချိန်ဖြစ်လို့ ခရီးသွားအခြေခံလူတန်းစား မိဘပြည်သူများ ခရီးစရိတ်သက်သာစေရန်နှင့် အခြားလမ်းပိုင်းရှိ ထားများ ဆက်လက်ထွက်နိူင်ရန်အတွက် မီးရထားဌာနမှ အစွမ်းကုန်ကြိုးပမ်းလျက်ရှိတယ်လို့လည်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓါတ်ပုံ - မြန်မာ့မီးရထား

ymg/kg
#Yangon_Media_Group